ခင်

May 4, 2009


 

ကျွန်တော်သည်

ခင့်ကို အလွန်ချစ်ပါသည်။

 

ခင်သည် ကျွန်တော်၏ အဖျားငွေ့ငွေ့လေး

ဖြစ်ပါသည်။

 

ခင်ကလွဲလျှင်

မည့်သည့်အရာကို မဆို

ကျွန်တော် ခြိုးခြံရပါသည်။

 

ကျွန်တော်၏ စိတ်ပေါ်တွင်

အမာရွက်ကလေးပေါင်း မြောက်များစွာကို

ခင်သည် လှပစွာ စီချယ်ပေး၏။

 

တစ်နေ့သ၌

ကျွန်တော်တစ်ယောက်သည်

သစ်ပင်လေးတစ်ပင်အောက်၌ ထိုင်နေခဲ့ပါသည်

ထိုစဉ် ကျွန်တော့်၏ နံဘေးသို့ ကပ်လျှက်

သစ်ရွက်ကလေးတစ်ရွက် (ဖြုတ်ခနဲ)ကြွေကျလာသည်

ထိုအခါ

ကျွန်တော်သည် ပြာပြာသလဲ

ဤနေရာတွင် လူရှိသည်ဟု

ပြောလိုက်မိသည်ခင်

 

ကျွန်တော်သည်

ခင့်ကိုလွမ်းနေပါ၏

ခင်ဟူ၍ ရင်တုန်လာသဖြင့်

လက်ကလေးနဲ့ ဖိထားရပါသည်

ခင်ဟူ၍

ခေါင်းမူးလာသဖြင့်

ငြိမ်ငြိမ်ကလေးထိုင်နေရပါသည်။

 

အလွမ်း၏ ပုံတူကို ခင်ကြည့်မည်ဆိုလျှင်

ကျွန်တော်သည် အ၀တ်စတစ်ခုပေါ်၌

တိမ်တိုက်လှလှလေးများကို ရေးပြမည်ဖြစ်ပါသည်။

 

ကျွန်တော်သည်

ခင်၏ နှလုံးသားရှိရာ အရပ်သို့

မျက်နှာမူကာ

အသက်ရှူနေရ၏

 

ကောင်းကင်၌ ငှက်တစ်အုပ်

ပျံသန်းသွားသည်။

ဘယ်ကလာသည် မသိ

ဘယ်ကိုသွားမည် မသိ

ဘာငှက်ဟူ၍လည်း မသိ

 

ကျွန်တော်သည်

လူ မှန်းသိလာ၏

ထိုငှက်များကိုလည်း

ဗျိုင်း ဟူ၍ သိလာခဲ့သည်

သို့သော်

ဗျိုင်းတို့ မည်သည့်အရပ်မှလာ၍

မည်သည့်အရပ်သို့ ပျံသန်းနေကြသည်ကိုမူ

ယခုထက်တိုင် မသိ။

ထိုမသိမှု၌ပင်လျှင်

ကျွန်တော်သည်

စိတ်၏ အတောင်ပံများကို

ဖြန့်လျှက်

ခင့်ဆီကို ပျံသန်းနေ၏

 

ခင်

သို့မဟုတ်

ခင့်အတွက် ကျွန်တော့်၏ မွေးနေ့လက်ဆောင်ဖြစ်ပါသည်

ကျေးဇူးပြု၍ အသံထွက် မဖတ်ပါနှင့်။

 

A B C D F G I J K L M O P Q R S U V W X Y Z

(ကျွန်တော် သူမအမည်ကို ဖွက်ထားပါသည်)

 

မောင်သိန်းဇော် (၁၉၈၅)

ကဗျာဆရာအားလုံးထဲမှာ ကျွန်တော်အကြိုက်ဆုံး ကဗျာဆရာရဲ့ ကဗျာတွေပါ။ နောက်လည်း ကျွန်တော်သိမီသမျှကို ဆက်တင်ပေးသွားပါမယ်။

 

 

မလာပါနဲ့ သီချင်းကိုရယ်ချင်တယ်

April 24, 2009
Make a Free Website with Yola.