၁၃၄၉ ခုနှစ်၊ နယုန်လဆန်း (၁၃) ရက်၊ အင်္ဂါသမီး။ (ကိုကိုနဲ့ နေ့ချင်းတူတယ်)

ဗေဒင်က ဟောရမှာ အားတောင်နာတယ်။ အပျိုကြီးဖြစ်မယ့် ကောင်မလေးပဲ။ အဲဒါကြောင့် မစွံတာ။ အပျိုကြီးပဲ ကောင်းပါတယ်။ အိမ်ထောင်ရေး ကံမကောင်းဘူးလေ။

လနတ်သမီးအနေနဲ့ သတိထားရမှာက အလွန့်အလွန်ထိတ်လန့်ဖွယ်ကောင်းတဲ့ ဘေးတစ်ခု ဘ၀မှာ တစ်ခါကြုံတတ်တယ် ဆိုတာပါ။ အားအင်ချိနဲ့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်မယ်။ အလှူဒါနပြုဖို့ စိတ်ဝင်စားတယ်။ သူငယ်ချင်းရဲ့ စိတ်ဆန္ဒကို ဖြည့်ပေးတတ်တယ်။ မျက်နှာမှာ မှဲ့ရှိတယ်။ တခြားမြို့ရွာတွေမှာ စီးပွားဥစ္စာရှာရာမှာ ကျွမ်းကျင်တယ်။  ရန်သူကို အလွယ်တကူ အရှုံးပေးတတ်တယ်။ ဒေါသကြီးတယ်။ တအုံ့နွေးနွေးဖြစ်တတ်တယ်။